Sony ST18i ကို Firmwareတင်နည်း
flashtool-0.8.0.0-windows ကို အောက်မှာဒေါင်းပြီး ကွန်ပြူတာမှာ installလုပ်ပါ>>>Download<<<
Sony PC Companion_2.10.136_Web ကို အောက်မှာဒေါင်းပြီး ကွန်ပြူတာမှာ installလုပ်ပါ
>>>Download<<<
Xperia Ray (ST18i)_4.0.2.A.0.42_CE.ftf အောက်မှာဒေါင်းပြီး Computer ---> Local Disk(C:) --->Flashtool --->firmwares ဆိုတဲ့ ဖိုင်ထဲကိုထည့်လိုက်ပါ
>>>Download<<<
အားလုံးပြီးရင် ဖုန်းကိုပါဝါပိတ်ထားပါ...Computer --->Local Disk(C:) --->Flashtool ထဲက အောက်ပါပုံအတိုင်း မိုးကြိုးသွားပုံ အမဲရောင်လေးနဲ့ Flashtool ဆိုတာလေးကို နှစ်ချက်နှိပ်ပြီး runလိုက်ပါ...
အောက်ပါအတိုင်းလေးပေါ်လာရင် အနက်ရောင်ဝိုင်းထားတဲ့နေရာကိုနှိပ်ပါ
အောက်ကပုံအတိုင်းအဆင့်ဆင့်လုပ်သွားပါ
အောက်ကပုံမှာပြထားတဲ့အတိုင်းလုပ်ပါ...ပြီးခေတ္တစောင့်ပါ
အောက်ပါပုံအတိုင်းပေါ်လာရင် ခုနက ပါဝါပိတ်ထားတဲ့ဖုန်းကို volume down(အသံတိုးတဲ့ခလုတ်)ကို
နှိပ်ထားပြီး ကွန်ပြူတာမှာ USB ဖြင့်တွဲပါ....volume down(အသံတိုးတဲ့ခလုတ်)ကိုနှိပ်မြဲနှိပ်ထားပါ လွှတ်လိုက်မိရင်အစကပြန်လုပ်ရပါလိမ့်မယ်...
program မှာ 100% ပြည့်ပြီးခဏကြာလျှင် ဖုန်းမှာ USB ကိုဖြုတ်ပြီး ပါဝါဖွင့်လိုက်ပါ။ ပြီး Setting--->Amplication ထဲက Unknown source ကိုအမှတ်ခြစ်ပါ...ပြီး Deploment ထဲက Usb debugging ကိုလည်းအမှတ်ခြစ်ပါ
ဒါဆို Firmware တင်လို့ပြီးပါပြီ......
0 comments:
Post a Comment