Wednesday 29 May 2013

ဖုန်းနံပါတ်ဖြောက်၍ ဖုန်းခေါ်နည်း (for andriod phone)

ဖုန်းနံပါတ်ဖြောက်၍ ဖုန်းခေါ်နည်း (for andriod phone)



ဖုန်းနဲ့ ပါတ် ဖြောင့်၍ ဖုန်းခေါ်နည်းလေးပါ...။အသုံးလိုတဲ့သူသုံး နိုင်အောင်လို့ တင်ပေးလိုက်ပါတယ်..။ personal call, secret call အစရှိတဲ့ ခေါ်ဆိုမှုတွေမှာ ကို့ဖုန်းနဲပါတ်ကို မသိစေချင်ပဲ ဖြောင့်ထားလို့ရပါ တယ်..။
ဘယ်လိုလုပ်မလဲ ဆိုရင်တော့ ကဲစလိုက်ရအောင်.....
  • ပထမဦးဆုံး အောက်မှာပေး ထားတဲ့ ဆောဝဲနှစ်ခု ကိုဒေါင်းလိုက်ရအောင်...။
  • ဒေါင်းယူပြီးရင် ဆောဝဲနှစ်ခုကို ဖုန်းတွင် inslall ပါ.....။
  • ပြီးရင် ဖုန်းကို reboot (restart) လုပ်ပါ....။
  • ဖုန်းပြန်ပွင့်လာရင် screen မှာရှိတဲ့  Hide Caller ID ကိုဖွင့်လိုက်ပြီး enabled နဲ့ show icon ကို အမှတ်ခြစ်ပေးပါ....။
  • and contact number ကိုနှိပ်ပြီး add လုပ်မဲ့ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် ဖုန်းထဲက နံပါတ်အားလုံး ထည့်ပေးလိုက်ပါ ....။
  • add မလုပ်ထားတဲ့ ဖုန်းနံပါတ်ကိုခေါ်ရင် hide လုပ်မှာလား show လုပ်မှာလားမေးလာပါမယ်..။ ကိုအသုံးပြုတဲ့အတိုင်း seleat လုပ်ပါ...။
screenshots လေးပြထားပါတယ်...။

 
 




ဒီလောက်ဆို သူငယ်ချင်းများ နားလည်မယ်လို့မျှော်လင့်ပါတယ်.....။ဒီနည်းလေးကို ကိုအောင် ရဲ့ ဆိုက်မှ တွေ့ လို့ အားလုံးသိစေရန်ရည်ရွယ်ချက်ဖြင့် ကျနော်ပြန်လည်မျှဝေပေးပါတယ်.....။အသေးစိတ် ကိုတော့ ဒီလင့်မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်....။
 Features:
 ★ Widget with a maximum of 6 operating modes:
 ★ Hide Caller ID for all calls
 ★ Always submit Caller ID
 ★ Hide Caller ID for next call only
 ★ Hide Caller ID for all calls except for numbers from your phone book (PRO Version)
 ★ Show Caller ID for selected contact groups (PRO Version)

 ★ Widget always shows the selected operation mode
 ★ you can change the GSM-Code prefix
 ★ Notification for the current status can be set up into notification bar
 ★ Visually impaired people with color-blindness can recognize symbols easily
 ★ Admin-UI mit many settings
 ★ clean the call log from the prefixes

Iphone အတွက် မြန်မာ Font သွင်းနည်း

                                           

iphone အတွက် မြန်မာ Font သွင်းနည်း

 

         ဒီ Post လေးကို Myanmar Mobile Development မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့
ဦးက သူ့ဖုန်းမှာ မြန်မာ Font သွင်းချင်တယ်ပြောလို့ ကျွန်တော်လိုက်ပြီးမွှေနှောက်ရှာဖွေနေတုန်း ဒီ Post
လေးကို တွေ့သွားတာဖြစ်ပါတယ်။ Myanmar Mobile Development ကို Credit ပေးပါတယ်။
           iPhone တွေအတွက်  မြန်မာ font သွင်းရလဲ ဆိုပြီး ကျွန်တော့်ဆီ Mail ပို့ ပြီး မေးလာတဲ့အတွက် ဒီ Post လေးကိုတင်လိုက်ပါတယ်။ ဒီနည်းကတော့ iOS 4.3.3 နဲ့ အထက် မြန်မာ Font နဲ့  မြန်မာ Keyboard သွင်းနည်းလေးပါ။ အောက်မှာ Step by step ရှင်းပြသွားပါမယ်။


1. အရင်ဆုံး Cydia >> Manage >> Sources >>  Edit >> Add ထဲကနေ cydia.macforus.com ကို add လိုက်ပါ။



2. Source Add ပြီးရင် URL ကို Verify လုပ်ပါလိမ့်မယ်။ ပြီးတဲ့ အထိခဏစောင့်လိုက်ပါ။



3. ပြီးသွားရင် Cydia >. Manage >>Sources >> cydia.macforus.com ထဲကနေ Zawgyi iOS 4.3 Font ကိုရှာပြီး Install လုပ်လိုက်ပါ။



4. Font Install လုပ်ပြီးသွားရင် ဒီတစ်ခါ Keyboard ကို install လုပ်ပါမယ်။  Cydia >> Manage >>Sources >> cydia.macforus.com ထဲကပဲ Zawgyi Keyboard iPhone ကိုရှာပြီး install လုပ်လိုက်ပါ။


5. Zawgyi Font ရော Keyboard ရော install လုပ်ပြီးသွားရင်တော့ Cydia ထဲကနေထွက်ပြီး
 Settings >> General >> Keyboard >> International Keyboards >> Add New Keyboard >> ထဲမှာ Myanmar မြန်မာ ဆိုတဲ့ Keyboard လေးရှိလိမ့်မယ်။ အဲဒါကို Add လိုက်ပါ။

6. အပေါ်အဆင့်တွေ အားလုံးလုပ်ပြီး သွားရင်တော့ သင့်ရဲ့  iPhone မှာ Myanmar Font ရော Myanmar Keyboard ရော ရသွားပါပြီ။

အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.......

Huawei Phone Firmware Installation (Huawei ဖုန်း firmware တင်နည်း)


Huawei Phone Firmware Installation (Huawei ဖုန်း firmware တင်နည်း)

url

ကဲ ကျွန်တော် myanmarmobileapp မှာပထမဆုံးရေးသားခွင့်ရတဲ့ပို့စ်လေးပါ။ ဒီလိုပို့စ်ရေးလို့ရတဲ့အတွက် ကိုအောင်ဘိုဘိုလွင်ကို အထူးပင်ကျေးဇူးတင်ပါတယ်(ကျေးဇူးတင်ထိုက်သူအားလုံးပေါ့နော် :D )
myanmarmobileapp site ကလေးမှာတော်တော်များများပြည့်ပြည့်စုံစုံရှိပီးသားပါ။ အနော်အခုရေးတဲ့ ပို့စ်ကလေးကတော့ အကြမ်းဖျင်းပေါ့နော် Huawei ဖုန်းတွေ firmware တင်တာလေးတွေပြောပြသွားမှာပါ။
dload ဖိုင်ဖြည့် Firmware တင်ခြင်း
တစ်ခြားတော့ဘာမှမဟုတ်ပါဘူး။ Huawei ဖုန်းတော်တော်များများရဲ့ Firmware တွေက များသောအားဖြင့် zip ဖြည်လိုက်ရင် dload folder လေးပါတာများပါတယ်။အယ် အဲ့မှာ တစ်ခုသတိထားရမှာက တစ်ခုက ဥပမာ dload တော့
ပါပါရဲ့ ထက်ဖွင့်လိုက်ရင် dload ထဲမှာမှ update.zip ဆိုပီးထပ်ပါနေရင်တော့ဒီနည်းမဟုတ်ဘူးနော်။ နောက်တစ်နည်း။အဲ့လိုမှမဟုတ်ဘူး dload folder ထဲမှာ update.app တစ်ခုပဲပါတယ်ဆိုရင်
အဲ့လိုကောင်မျိုးဆိုရင်လွယ်တယ်။external sd card အလွတ်တစ်ခု (2 GB or 4 GB)ကို Format ရိုက်။ ပြီးရင် dload folder လိုက်ကို SD card ထဲထည့်။ ဖုန်းကို ပါဝါပိတ် ။ vol up + down + power တွဲနှိပ်လိုက်ပါ။
အောက်ကပုံအတိုင်း step 1 2 တင်သွားတာမြင်တွေ့ရမှာပါ။ တစ်ခါတစ်လေ step 2 မှာ fail ပြတတ်ပါတယ်။ fail ပြပီးဆိုဘာလုပ်မလဲ အရင်ဆုံး SD card ကိုလဲစမ်းသင့်ပါတယ်။
နောက်မှ Flashing tool တွေသုံးကြည့်ပေါ့နော်။နောက်တော့ အသေးစိတ်ထပ်ရှင်းပြသွားမှာပါ။
dload ဖိုင်ဖြင့်တင်ရတဲ့ အမျိုးအစားတွေကတော့ ဥပမာ
1.C8500
2.C8500S
3.C8600
4.C8650
5.C8650E
6.C8800
7.C8810
8.C8812 and so on………………1

dload ဖိုင်ထဲရှိ update.zip ဖြင့် Firmware တင်ခြင်း
ဒီကောင်တွေကျတော့ ခုနကလို vol up + down + power နဲ့ တင်လို့မရပါဘူး။ သူ့မှာပါတဲ့ dload folder ကို sd card ထဲထည့်လိုက်ပါ recovery ထဲဝင်လိုက်ပါ။ အဲ့လို Handset မျိုး ဥပမာ T8808D လိုဟာမျိုးကျတော့
orginal stock recovery <3e> ကိုက auto update/sdcard/dload/update.zip ဆိုတဲ့ လမ်းကြောင်းလေးပါပါတယ်။အဲ့ကောင်လေးကိုရွေးပေးလိုက်တာနဲ့ Firmware တင်သွားမှာ ဖြစ်ပါတယ်။အောက်ကပုံအတိုင်းပါ။


2
3
Firmware ထဲတွင် vendor ဖိုင်ပါဝင်ခြင်း
တရုတ်တွေကလည်းတော်တော်ရှုပ်ပါတယ် ခ်ခ် :P အမျိုးမျိုးကိုလုပ်နေတာ။ အာ့ကြောင့် update fail ဖြစ်ဖြစ်နေတဲ့သူတွေလည်း တပုံကြီးပါ။ sd လဲလည်းမကောင်း။ ဘယ်လိုမှတင်မရ။ပြသ၁နာကဘာမှမဟုတ်ပါဘူး
တစ်ချို့ Firmware တွေ ဖြည်လိုက်ရင် vendor ဖိုင်လေးအပိုပါနေပါတယ် dload အပြင်။ vendor ဖိုင်ဘာလုပ်ဖို့တုန်း။ အဲ့ကောင်လည်းလိုအပ်ပါတယ် dload တစ်ခုတည်းနဲ့တင်ရင် step 2 မှာ fail ပြမှာပါပဲ။
သူ့တင်နည်းကတော့ ဥပမာ Ascend G300 U8818
Firmware ကို ဖြည်လိုက်ရင် dload,vendor ဆိုပီးထွက်လာပါတယ်
sd card အလွတ်ထဲကို dload ဖိုင်ကိုကူးထည့်လိုက်ပါ။ပီးရင် vendor ဖိုင်ထဲက UPDATE.APP ဆိုတာကို rename ပြန်ပေးရပါမယ်။ ဒီလိုလေးပါ “UPDATE_CUST.APP” ဆိုပီးတော့။ ပီးရင် အဲ့ကောင်ခုနက
sd card\dload folder ထဲသွားထည့်လိုက်ပါ။ ပီးရင် ထုံးစံအတိုင်း vol up + down + power တွဲနှိပ်လိုက်ပါ။ ကဲ အာ့ဆို သူတင်ပေးသွားပါလိမ့်မယ်။ step 2 မှာလည်း fail မပြတော့ပါဘူးနော်။ :P
1
ကဲ Firmware ဖြည်လိုက်ရင် step 1 2 3 ပါတာတွေဘယ်လိုတင်မတုန်း
အာ့တွေကနည်းနည်းတော့စားတယ်ဗျာ တရုတ်တွေက။ဥပမာ – U8800pro လိုဟာမျိုးတွေပေါ့ Adroid version မြင့်တော့မယ်ဆိုရင် တိုင်ပတ်တတ်တယ်။
အာ့မျိုးတွေ့ပီဆိုရင် ကိုဗားရှင်းက အခုလက်ရှိဘယ်လောက်သုံးထားတယ်ဆိုတာကို အရင်ဆုံး တစ်ချက်ကြည့်ဖို့လိုတယ်ဗျ နော်။အာ့မှအဆင်ပြေပြေဖြေရှင်းနိုင်မယ်။ဘာလိုလဲဆိုတော့ ဥပမာ
android version 2.2 ကနေ version 4.0 လှမ်းတက်မှာဆိုရင်တော့ step 1 က dload ကို အရင်တင် ပီးရင် step 2 dload , step 3 dload အဆင့်ဆင့်ပေါ့နော် ။အဲ့ 2.3.6 လောက်ကနေအမြင့်တင်မယ်ဆိုရင်
step 1 မလိုပဲ step 2 ကနေစတင်ရင်တောင်ရတယ် ။ ဒါပေမဲ့ သေချာချင်ရင် step 1 ပါ အရင်တင်ရင်တင်ပေါ့ ဟုတ်ဘူးလား ။ အနော်ကတော့ ကျော်လိုက်တယ် ခ်ခ် :P
ကဲ ဒီလောက်ဆို Firmware zip လေးတွေကို ဖြည်လိုက်ရင် ဘာတွေပါတယ် ဘယ်လိုသုံးရမယ်ဆိုတာနည်းနည်းပါးပါးတော့သိလောက်ပီးထင်ပါတယ်နော်။ မေ့လို့ တစ်ချို့ဟာတွေကျတော့ Flashing tool တွေနဲ့
တင်ရတာတွေရှိတယ် နောက်ပိုင်းမှာ ပြောပြသွားမှာပါနော်။ ဆက်လက်ကြိုးစားပါဦးမယ် ။လာလည်ကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။အမှားများပါခဲ့လျှင် သည်းခံနားလည်ပေးပါလို့နော်။ တတ်သလောက်ကြိုးစားပီးတင်ပေးထားပါတယ်။

Galaxy S2 Plus I9105 ကို CWM သွင်းမယ် root မယ်

              Galaxy S2 Plus I9105 ကို CWM သွင်းမယ် root မယ်
357969
ညီအစ်ကိုတစ်ယောက် Chatbox ကနေလှမ်းတောင်းလို့ တင်ပီးသားလည်း မရှိသေးတာနဲ့ တင်ပေးလိုက်ပါတယ်နော် SII plus လေး root ဖောက်နည်းနဲ့ cwm သွင်းနည်းကို
ကဲအောက်မှာလိုအပ်တာလေးတွေဒေါင်းလိုက်ပါဦးနော် :D ပီးရင် လုပ်ငန်းစမယ်

1) Cwm file လေးကို ဒီနေရာ မှာဒေါင်းပါ။
2) Odin V3.07 ကို ဒီမှာဒေါင်းပါ။
3) ကဲအားလုံးပီးရင်တော့ လုပ်ငန်းစကြမယ်နော်. download mode ၀င်ဖို့  Volume Down, Home and Power buttons တွေကိုတွဲနှိပ်ပီး ၀င်လိုက်ပါ။
4) ခုနကဒေါင်းထားတဲ့ odin ကို computer မှာ run လိုက်ပါ။
5) ဖုန်းနဲ့ computer နဲ့ကို USB ကြိုးထိုးပီးချိတ်ဆက်လိုက်ပါ. odin ကဖုန်းကိုသိပီးဆိုရင် မီးအ၀ါရောင်လေး လင်းလာပါလိမ့်မယ် အဲ့လိုမလင်းဘူးဆိုရင်တော့ driver တွေ ကြိုးတွေပြန်စစ်ပေးရပါမယ်။
6) odin နဲ့ ချိတ်ဆက်မိပီးဆိုရင်တော့ ခုနကဒေါင်းထားတဲ့ cwm ဖိုင်လေးကို odin ရဲ့ pda အကွက်ခလေးမှာထည့်လိုက်ပါ။
7) ‘Auto Reboot’ and F Reset Time options တွေကိုအမှန်ခြစ်ပေးထားရပါမယ်. ပြီးတော့ ‘Repartition’ option မှာ အမှန်ခြစ်ကလေးရှိမနေရပါဘူး။
8) အပေါ်ကဟာတွေ အားလုံးမှန်ပီးဆိုရင်တော့ start ကိုနှိပ်လိုက်ပါ။
9) ပီးသွားရင်တော့ odin မှာ pass ဆိုတဲ့ စာသားပေါ်လာမှာဖြစ်ပါတယ် . usb ကြိုးချွတ်လို့ရပါပီ။
Odin-Flashing-Samsung-Galaxy-S2-Official-Android-4.0.3-Ice-Cream-Sandwich-Firmware-Upgrade-I9100XWLP7-step-2
ကဲအခုဆိုရင် cwm သွင်းခြင်း ပီးဆုံးသွားပါပီ။ :D
Samsung Galaxy S2 Plus I9105 root

1) Supersu zip ကိုဒီမှာဒေါင်းပါ။
2) supersu zip ကို zip မဖြည်ပဲ sd card ထဲထည့်ပါ။
3) ဖုန်းကိုပါဝါပိတ်ပါ။
4) recovery mode ၀င်ဖို့အတွက် Volume Up, Home and Power ကိုနှိပ်ပီး cwm ၀င်ပေးပါ။
5) CWM Recovery mode ရောက်ပီးဆိုရင် ‘install zip from sdcard’ >> ‘choose zip from sdcard.’ >>”Superuser zip”ကိုရွေးပေးလိုက်ပါ sd card ထဲက. yes or no မေးလာရင် yes ပေးလိုက်ပါ။
6) installation ပီးသွားရင်  “+++++Go Back+++++” နဲ့ပြန်ထွက်ပီး ဖုန်းကို reboot ချဖို့ ‘reboot system now’ ကိုရွေးပေးပါ။
ကဲဖုန်းလေးပြန်တက်လာရင်တော့ အားလုံးမြင်တွေ့ချင်တဲ့ supersu  လေးကို superman ပုံနဲ့ အခန့်သားတွေ့ရမယ်နော် :D

HTC Wildfire S(A510e) ကို Root လုပ်နည်း

                     HTC Wildfire S ကို Root လုပ်နည်း

ဒီနည်းကို Htc wildfire s A510e (Android Version 2.3.3 နဲ့ 2.3.5) နှစ်မျိုးလုံးနဲ့ စမ်းသပ်ထားပါတယ်......
Htc wildfire s ကို အမြစ်တူးဖို့ အတွက် အရင်နည်းတွေလို S-OFF ဖြစ်ဖို့ မလိုတော့ပါဘူး။
ံBootloader Unlock ဖြစ်ပြီး S-ON ဖြစ်နေလည်း အမြစ်တူးလို့ ရပါပြီ။

Galaxy Ace Plus(GT-S7500) Root လုပ်နည်း

                   Rooting Galaxy Ace Plus(GT-S7500)


ထုံးစံအတိုင်း Clockworkmod recovery ကိုအသုံးပြုပီးတော့ root လုပ်မှာပါခင်ဗျာ... driver ကိုတော့အရင်ဆုံး ကွန်ပျူတာမှာသွင်းထားရပါမယ်ခင်ဗျာ..Samsung Driver မရှိသူတွေကတော့အောက်မှာဒေါင်းပါ...

Tuesday 28 May 2013

Androidမြန်မာဖောင့်(Root user only)



                        မိမိတို့ရဲ့ကွန်ပြူတာမှာ ADB driver နဲ့ USB driver နှစ်မျိုးစလုံး
                        သွင်းထားရပါမယ်.....
      
                  driver အားလုံးသွင်းပြီးရင်.....
                  ဖုန်းကိုကွန်ပြူတာမှာတွဲပါ။
                   zawgyiInstaller.exe ကိုဒေါင်းပြီး Run လိုက်ပါ ပြီး NORMAL ကိုနှိပ်ပါ။
                               (sony xperia ဖုန်းဆိုရင် XPERIA ကိုနှိပ်ပါ)
               ဖုန်း Restart ကျပြီးပြန်တက်လာရင်

Sony ST18i ကို Flashtool အသုံးပြု၍ Firmwareတင်နည်း

                Sony ST18i ကို Firmwareတင်နည်း

flashtool-0.8.0.0-windows ကို အောက်မှာဒေါင်းပြီး ကွန်ပြူတာမှာ installလုပ်ပါ
                               >>>Download<<<


Sony PC Companion_2.10.136_Web ကို အောက်မှာဒေါင်းပြီး ကွန်ပြူတာမှာ installလုပ်ပါ
                                   >>>Download<<<

Xperia Ray (ST18i)_4.0.2.A.0.42_CE.ftf အောက်မှာဒေါင်းပြီး Computer ---> Local Disk(C:) --->Flashtool --->firmwares ဆိုတဲ့ ဖိုင်ထဲကိုထည့်လိုက်ပါ
                                    >>>Download<<<

Sunday 19 May 2013

samsung galaxys3 mini အတွက် root
Samsung Galaxy SIII Mini I8190 Root လုပ်နည်းလေးပါ။ ပထမဆုံး Samsung USB Driver မရှိပါက ဒေါင်းထားပါ။
CWM+ROOT အတွက် လိုအပ်တာလေးတွေအောက်မှာဒေါင်းပါ။
                odin3   -    >>>Download<<<
 recovery-clockwork-touch-6.0.2.7-golden.tar - >>>Download<<<
UPDATE-SuperSU-v 1.25 -  >>>Download<<<

    Odin 3 ကိုဖွင့်ပါ။ PDA နေရာမှာ စောစောက recovery-clockwork-touch-6.0.2.7-golden.tar ကိုထည့်ပါ။

 မိမိဖုန်း Download Mode ထဲသို.၀င်နိုင်ဖို.အတွက် volume down+home+power button ကိုတွဲနှိပ်ပါ။Download Mode ထဲကိုရောက်သွားလျှင် volum up ကိုနှိပ်လိုက်ပါ။
     မိမိဖုန်းကို USB Cable ဖြင်. PC ဖြင်.ချိတ်ဆက်လိုက်ပါ။ odin ကဖုန်းကို detect သိသွားပြီဆိုရင် Start ကိုနှိပ်လိုက်ပါ။
    ခဏစောင်.ပြီး reboot ပြန်တက်လာတဲ့အခါ
UPDATE-SuperSU-v 1.25 ကို sd ကဒ်ထဲသို့ ကုးထည့် ပါ...ပြီးဖုန်းကိုပါဝါပြန်ပိတ်ပါ
volume up+home+power ကိုနှိပ်ပြီး recovery mode ထဲးသို့ ဝင်ပြီး ခုနကကုးထားတဲ့  UPDATE-SuperSU-v 1.25လေးကို ilstall zip from sd card ကနေ အင်စတော လုပ်လိုက်ပါ.....ပြီး rebot systen now ကိုနှိပ်ပြီး ဖုန်းပြန်ပွင်လာတဲ့ ခါ မိမိရဲ. Samsaung Galaxy s3 Mini  ဟာ Super Userလေးနဲ. root access ဖြစ်သွားပါပြီ။   


 အားလုံးပဲအဆင်ပြေနိုင်ကြပါစေခင်ဗျာ။

VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ




Android သမားတွေအတွက် သတင်းကောင်းလေးပါ ။ VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ ။ ဖုန်းကနေ PC သို့ ။ PC ကနေ ဖုန်းသို့ လှန်းပြီး Video Call ချက်နိုင်ပါပြီ ။

တကယ်တော့ VZO Chat ဆော့ဝဲကိုဟာ မြန်မာ Developer တွေ ရေးထားတဲ့ Program တစ်ခုပါ ။
ယခုအခါမှာ Android ဖုန်းအတွက်လဲ မြန်မာDeveloper များ ထွက်ရှိပေးလို့ လာပါပြီ ။

VZO Chat ဆော့ဝဲကိုလဲ Conferendo Video Chat ဆိုပြီးနာမည် ပြောင်းလိုက်ပါပြီ ။ သင့် PC မှာရှိတဲ့ VZO ဆော့ဝဲကို အပ်ဒိတ်လုပ်လိုက်ပါ ။

www.vzochat.com ကိုလဲ www.t3.conferen.do/en/ သို့ အမည်ပြောင်းလိုက်ပါပြီ ။

"""" သင့်လက်ရှိ VZO အကောင့်ကို ထည့်ပြီး အသုံးပြုနိုင်ပါပြီ """"


VZO ဆော့ဝဲကို လိုချင်သူများ ဒီမှာဒေါင်းယူပါ

website နှင့် VZOchat application တို့ကို မွမ်းမံပြင်ဆင်ကာ နောက်ဆုံးပေါ် version အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ တင်ဆက်ပေးလိုက်ပါပြီ။ ယခုအချိန်မှစပြီး ၀န်ဆောင်မှုကို မြန်မာဘာသာဖြင့် မြင်တွေ့နိုင်ပါ ပြီ။ အမှားအယွင်း တစ်စုံတစ်ရာ တွေ့ရှိပါလျှင် ကျွန်ုပ်တို့အား လွတ်လပ်စွာ ဆက်သွယ်ပြောဆို ပြင်ဆင်ပေးနိုင်ပါတယ်ခင်ဗျာ ။
ကျေးဇူးတင်ပါ တယ် ခင်ဗျား။

မူရင်းဆိုက်ရဲ့ အပေါ်နားမှာ နိုင်ငံအလံတွေပြထားပါတယ် နှိပ်လိုက်ပြီး ကြိုက်တဲ့နိုင်ငံအလံကိုရွေးလိုက်ပါ ဆိုက်ကို Language ပြောင်းပြီးဖတ်ရှု လေ့လာနိုင်ပါတယ် ။ မြန်မာအလံကိုနှိက်လိုက်ရင် မြန်မာဘာသာနဲ့လေ့လာနိုင်ပါတယ် တိုက်ရိုက်သွားချင်ရင်တော့ ဒီမှာနှိပ်ပါhttp://t3.conferen.do/my/

Wednesday 15 May 2013

ကွန်ပြုတာအတွက် Android ဆော့ဝဲ မလိုသော Viber...
ဒီနည်းလေးနဲ့ ဆော့ဝဲ လေးကိုတော့ မသိသေးတဲ့ ညီအကို သူငယ်ချင်းများ

ကိုရည်ရွယ်ပါတယ် သိပြီးသားဘော်ဘော်တွေကိုတော့ မပြောဘူးနော်..ဟိဟိ

စာနဲ့ရေးရင် နားမလည်မှာ စိုးရိမ်လို့ ပုံ နှင့်တကွ စာကိုလဲ တခါတည်း ပူးတွဲရေးထည့်လိုက်ပါတယ်

ဒါလေးကတော့ ကွန်ပြူတာကနေ ဖုန်းဆီကို Viber ခြင်း တိုက်ရိုက်ခေါ်လို့ရမယ့် နည်းလေးပါ

ဟိုအရင်ကတော့ Computer မှာ Viber ခေါ်လို့ ရပါတယ် ဒါပေမယ့် မိမိ စက်ထဲမှာ

Bluestacks ကို အရင်သွင်းပြီးမှာ Android app တွေ နဲ့ Viber တို့ ဘာညာသာရကာ

အမျိုးစုံအောင် သွင်းလို့ရပါတယ်

ဒီမှာတော့ Bluestacks မလိုတော့ပါဘူး Viber ကနေပြီးတော့ ကွန်ပြုတာအတွက်

ထုတ်လိုက်ပါပြီ နဲနဲတော့ ကောင်းသွားတာပေါ့ bluestacks သုံးစရာမလိုတော့ဘူးပေါ့နော်

မိမိမှာတော့ Andriod ဖုန်း IOS ဖုန်း Blackberry ဖုန်း Window ဖုန်း တခုခု့ ရှိဖို့တော့လိုတယ်နော်

နောက်တခု့က viber ကို မိမိဖုန်းမှာ install လုပ်ပြီးသားဖြစ်ရမယ်နော်

ဒါမှ လွယ်မှာ ဟိဟိ အောက်မှာ ကျနော်ပုံလေးတွေပြထားတယ်ဗျာ ကြည့်သွားလိုက်ပါနော်    ဒေါင်းရန်


Android မှာ နာမည်ကြီး Tango လေး PC အတွက် ထွက်ပီ

Viber ကလည်း PC version ထွက်လာပီ အခု Tango ကလည်း PC 
version ထွက်လာပါပြီ  အရင်ဆုံး PC အတွက် လိုချင်ရင်း
လိုက်ပါ 11.2MB ထဲပါ
ဒေါင်းပြီးရင် install လုပ်လိုက်ပါ ဆော့ဝဲကို ဖွင့်ပါ
ph no တောင်းရင် mobile မှာ သုံးခဲ့တဲ့ ဖုန်းနံပါတ် အတိုင်းထည့်ပေးလိုက်ပါ
အဲဒါဆိုရင် မိုဘိုင်းက Tango ကို verification code ပို့ပေးပါလိမ့်မယ်
အဲဒီကုဒ်ကို PC မှာ ထည့်ပေးလိုက်ရင် အသုံးပြုရသွားပါပြီ
 


အမြင့်ဖုန်းတွေထဲမှာ ဘယ်ဟာ အကောင်းဆုံးလဲ

မေးနေကျမေးခွန်းပဲ ထပ်မေးချင်နေမိပါတယ်။ ခုက တန်ဖိုးနည်း ဆင်းကဒ်တွေချပေးပြီလေ။ ဒီတော့ ပိုက်ဆံရှိတဲ့သူများက တန်ဖိုးကြီး ဟန်းဆက် အပိုင်းကို ပိုမို အလေးပေး ကိုင်ကြတော့မယ် ထင်ပါတယ်။ အခုလည်း ကိုင်နေပါတယ်။

လက်ရှိန် ရန်ကုန်မျာ လူကြိုက်အများဆုံး ဖုန်းက - iPhone 5, Samsung Galaxy Note 2, Galaxy S3 ပါ။ လူသုံးများတာ ကို ပြော တာ မဟုတ်ဘူးနော်။ အကြိုက်များတာပါ။ အသုံးများကတော့ GSM မှာဆိုရင် Samsung တစ်သိန်းခွဲအောက်ဖုန်း များ (Galaxy Y, Galaxy Duos , and so on) နဲ့ CDMA မှာဆိုရင် တရုတ် Huawei ဖြစ်ပါတယ်။

တန်ဖိုးမြင့် ဖုန်းများကိုလည်း ကိုင်ကြပါတယ်။ Samsung မှာဆိုရင် Sasung Galaxy S3, Note 2, Galaxy S2, Galaxy Note, Galaxy Mini ,etc........, Sony မှာဆိုရင် Xperia စီးရီး, Apple မှာဆိုရင် iPhone 5, iPhone 4s, iPhone 4, iPhone 3G, etc....., HTC မှာဆိုရင် Butterfly, One စီးရီး အစရှိတဲ့ အမြင့်ဖုန်းများ လူကိုင် များပါတယ်။

ယခုလည်း အမြင့်ဖုန်းတွေကြိုက်တယ် ကိုင်ဖို့လည်း ရည်ရွယ်တယ် ဆိုရင် ယခု ရွေးချယ်စရာများ ဖောပြလိုက်ရပါတယ်။

ဈေးအကြီးဆုံး ကတော့ Samsung Galaxy S4 ဖြစ်လာမယ် ထင်ပါတယ်။ iPhone 5, HTC One, Nokia Lumia 920, Black Berry Z10 တို့ကတော့ ဈေးကွာမယ်မထင်ပါဘူးး။ Samsung Galaxy Note 2 လည်း ၅သိန်းအထက်ဈေးဆိုတော့ အမြင့်ဖုန်းပါပဲ။ Samsung Galaxy S4 မထွက်ခင်က သူ့မှာပါတဲ့ Specification ဟာအမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ လူကြိုက်လည်းများခဲ့ပါတယ်။ ယနေ့အထိလည်း လူကြိုက်များပြီး အရောင်းသွက်နေဆဲပါ။ ယခုတော့ Spec အမြင့်ဆုံးက Samsung Galaxy S4 ဖြစ်သွားပါပြီ။ i Phone 5 ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ iPhone 5 ကလည်း ကမ္ဘာတင် မက မြန်မာပြည်မှာလည်း လူအထင်ကြီးများတဲ့ ဖုန်း ဖြစ်ပါတယ်။ နာမည်နဲ့ တင် ဈေးကြီးတယ်ဆိုတာ iPhone ရဲ့  ဂုဏ်ပုဒ်ပဲ ဖြစ် မယ်ထင်ပါတယ်။

ကဲ။ ဒီတော့ စာဖတ်သူတို့ကပဲ အားနည်းချက်၊အားသာချက်များကို ပညာရှိနည်းနဲ့ သေချာထောက်ပြလို့ အကောင်းဆုံးဖုန်း ကို ရွေးချယ် ပေးနိုင်ယ်လို့ မျော်လင့်ပါတယ်။

Sonyericsson ST 18i Root နှင့် မြန်မာဖောင့်ထည့်နည်း

                      Sonyericsson ST 18i Root လုပ်နည်း

flashtool-0.8.0.0-windows ကို အောက်မှာဒေါင်းပြီး ကွန်ပြူတာမှာ installလုပ်ပါ
                               >>>Download<<<


Sony PC Companion_2.10.136_Web ကို အောက်မှာဒေါင်းပြီး ကွန်ပြူတာမှာ installလုပ်ပါ
                                   >>>Download<<<

Xperia Ray (ST18i)_4.0.2.A.0.42_CE.ftf အောက်မှာဒေါင်းပြီး Computer ---> Local Disk(C:) --->Flashtool --->firmwares ဆိုတဲ့ ဖိုင်ထဲကိုထည့်လိုက်ပါ
                                    >>>Download<<<

အားလုံးပြီးရင် ဖုန်းကိုပါဝါပိတ်ထားပါ...Computer --->Local Disk(C:) --->Flashtool ထဲက အောက်ပါပုံအတိုင်း မိုးကြိုးသွားပုံ အမဲရောင်လေးနဲ့ Flashtool ဆိုတာလေးကို နှစ်ချက်နှိပ်ပြီး runလိုက်ပါ...

အောက်ပါအတိုင်းလေးပေါ်လာရင် အနက်ရောင်ဝိုင်းထားတဲ့နေရာကိုနှိပ်ပါ


 အောက်ကပုံအတိုင်းအဆင့်ဆင့်လုပ်သွားပါ

အောက်ကပုံမှာပြထားတဲ့အတိုင်းလုပ်ပါ...ပြီးခေတ္တစောင့်ပါ

အောက်ပါပုံအတိုင်းပေါ်လာရင် ခုနက ပါဝါပိတ်ထားတဲ့ဖုန်းကို volume down(အသံတိုးတဲ့ခလုတ်)ကို
နှိပ်ထားပြီး ကွန်ပြူတာမှာ USB ဖြင့်တွဲပါ....volume down(အသံတိုးတဲ့ခလုတ်)ကိုနှိပ်မြဲနှိပ်ထားပါ လွှတ်လိုက်မိရင်အစကပြန်လုပ်ရပါလိမ့်မယ်...

program မှာ 100% ပြည့်ပြီးခဏကြာလျှင် ဖုန်းမှာ USB ကိုဖြုတ်ပြီး ပါဝါဖွင့်လိုက်ပါ။ ပြီး Setting--->Amplication ထဲက Unknown source ကိုအမှတ်ခြစ်ပါ...ပြီး Deploment ထဲက Usb debugging ကိုလည်းအမှတ်ခြစ်ပါ
ဒါဆို Firmware တင်လို့ပြီးပါပြီ......

      Root လုပ်ကြရအောင်

ဖုန်းကိုကွန်ပြူတာမှာပြန်တွဲပါ...

>>>Download<<<  AdbDriverInstaller.exe  လေးကိုဒေါင်းပြီး runပါ ပြီးအထဲမှာ sony လို့ပေါ်လာရင် select ပေးပြီး install ကိုနှိပ်ပါ။ program အောက်နားက အစိမ်းရာင်တန်းကလေးပြည့်သွားရင်ပိတ်လိုက်ပါ...

အောက်က Unlock Root လေးကိုဒေါင်းပြီး ကွန်ပြူတာမှာ install လုပ်ပါ။
          >>>Download<<<

 ပြီးရင်ကွန်ပြူတာမှာ Unlock Root ဆိုတာကို run ပြီး  ဘေးနားက Root ကိုနှိပ်ပေးပါ
သူ့ဟာသူအလုပ်ဆက်လုပ်သွားပါလိမ့်မယ်...ခဏကြာတဲ့အခါ ဖုန်းမှာ ပါဝါပိတ်သွားပါလိမ့်မယ်
စောင့်နေလိုက်ပါ သူ့ဟာသူပြန်ပွင့်လာပါလိမ့်မယ်......ပါဝါတက်လာရင် ၄င်းမှာ Supersu ဆိုတာလေး ရောက်နေပြီဆိုလျှင် Root တာok ပါပြီ...

မြန်မာဖောင့်ထည့်ကြမယ်

ဖုန်းကိုကွန်ပြူတာမှာတွဲထားပါ...
အောက်က zawgyiInstaller.exe ကိုဒေါင်းပြီး run လိုက်ပါ။ပြီး NORMAL ကိုနှိပ်ပါ...ဖုန်းမှာ အလိုလျှောက် ပါဝါပိတ်ပြီးပန်ပွင့်လာပါလိမ့်မယ်...ဒါဆိုမြန်မာဖောင့်ထည့်လို့ပြီးပါပြီ....
                  >>>Download<<<<
ဒါလေးကဖောင့် နဲ့ ကီးဘုတ် တခါတည်းထည့်ပေးပါတယ်.....
ပြီး message ထဲကိုသွားပြီး စာရေးတဲ့နေရာမှာ ၃စက္ကန့် ခန့် ဖိထားပြီး input မှာ Frozen keyboard
ကိုရွေးပေးလိုက်ပါ....
                                     အားလုံးပြီးဆုံးပါပြီ
                    

                                                           အဆင်ပြေကြပါစေ.....
                                                                                 
















Tuesday 14 May 2013

Monday 13 May 2013

SAMSUNG ဖူန်းများအတွက် Root မလုပ်ပဲနဲ့ ဘက်ထရီအားစားသက်သာအောင်လုပ်နည်း

SAMSUNG ဖူန်းများအတွက် Root မလုပ်ပဲနဲ့ ဘက်ထရီအားစားသက်သာအောင်လုပ်နည်း

နည်းလမ်းကတော့ ဖုန်းကို 20 ( သို့ ) 30 ရာခိုင်နှုန်းအနေအထားရောက်ရင် ဖုန်းကို ပါဝါပိတ်ပြီး အားသွင်းကြိုးနဲ့ ချိတ်ပြီး အားသွင်းပါ
ပါဝါပြန်တက်လာပြီး ဖုန်းဘက်ထရီပုံလေး ပေါ်နေပြီး အားသွင်းတဲ့ပုံလေးပြနေပါလိမ့်မယ
အားပြည့်တဲ့အထိသွင်းပြီးသွားရင် အားသွင်းကြိုး ဖြုတ်ပြီး ဘက်ထရီကို ဖုန်းမှ နှစ်မိနစ်ခန့် ဖြုတ်ထားပေးပါ
ပြီးရင် ပြန်ထည့်ပြီး ပါဝါပြန်ဖွင့်ပါ .
သိသိသ
ာသာ ဖုန်းအားစားသက်သာပါလိမ့်မယ်

 

Friday 10 May 2013

andoir ဖုန်းတွေကနေ, မြန်မာ ရေဒီယိုနားထောင်ရန်အတွက်

ဒီတခါတော့ အင်တာနက်သုံးနေရင်း မြန်မာရေဒီယိုနားထောင်ချင်သူများအတွက် လိုင်းလည်းကောင်းတယ်

အသံလည်းကြည်ရှင်းနေလို့နားထောင်ရတာလည်းအဆင်ပြေတယ် ဖုန်းနဲ့chatting ထိုင်တတ်တဲ့သူတွေ

ကတော့ပိုတောင်လန်းနေပါတယ်  မြန်မာရေဒီယိုလေးနဲ့ဆိုတော့ ဘာရယ်ညာရယ်မဟုတ်ဘူးလူရှိန်တာပေါ့

ဟုတ်တယ်ဟုတ် ကဲပါဗျာ ပြောနေရင်ကြာနေမယ် လိုချင်ရင်တော့ အောက်ကလင့်မှာ ဆွဲသာဆွဲ............

ဒီလင့်မှာဒေါင်းဗျာ..........http://www.sendspace.com/file/n8gs81

Myanmar Font For All Windows

                 

         Windows အားလုံးအတွက် မြန်မာဖောင့်သွင်းနည်း

               ဇော်ဂျီဖောင့် ကိုဒီမှာ>>> Download<<< ယူပါ....

Samsung Galaxy S4 ကို Root လုပ်နည်း

 
                                            GT-I9505 အတွက်
                        
                          ပထမဦးဆုံး ဖုန်းကို usb debugging on ပါ
                            Unknown sources မှာ အမှန်ခြစ်ပေးပါ
                 
                    ကွန်ပြူတာမှာ Samsung USB driver နဲ့ ADB driver ရှိဖို့လိုပါတယ်....
                                          မရှိရင်အောက်မှာဒေါင်းပါ
                                  
                                     Download -  Samsung USB driver  
                                      ဒေါင်း ပြီးရင် ကွန်ပြူတာမှာ install လုပ်ပါ 


                                         Download - ADB driver
                             ဒေါင်းပြီးရင်ဖုန်းကိုကွန်ပြူတာမှာ USB ဖြင့်ချိတ်ဆက်ပါ
                             ဒေါင်းထားတဲ့  AdbDriverInstaller.exe ကို run ပါ 
                                    ပြီး install ကိုနှိပ်ပါ ပြည့်သည်အထိစောင့်ပါ....
                                        ဒါဆို driver သွင်းလို့ပြီးပါပြီ.......
 
                        ကဲ Root လုပ်ခြင်းစတင်ကြရအောင်......
                        
                ဖုန်းကိုကွန်ပြူတာမှာ USB ဖြင့်ချိတ်ဆက်ပါ
            
                 ဒီကောင်လေးကို   ဒေါင်းလိုက်ပါ
                 ပြီးရင် မှတ်မိလွယ်တဲ့ တစ်နေရာမှာ zip ဖြည်လိုက်ပါ
                 ပြီးရင်zip ဖြည်လို့ရလာတဲ့ဖိုင်ထဲက အောက်ပါပုံတွင်ပြထားသည့်အတိုင်း
                 run ဆိုတဲ့ကောင်လေးကို  double click လုပ်လိုက်ပါ

အောက်ပါပုံလေး တက်လာပါမယ်
13

ပြီးတော့ enter ခေါက်လိုက်ပါ
တစ်ခုသတိထားရမှာက ကွန်ပြူတာထဲက
Anti Virus တွေကို ပိတ်ထားပေးပါနော်
သူ့ပါရင် အော်တို လုပ်သွားပါလိမ့်မယ်
ကွန်ပြူတာမှာအောက်ပါ လိုလေး ပေါ်သွားရင်တော့
ပြီးသွားပါပြီ .......ဖုန်းမှာကြည့်လိုက်ပါ super user ဆိုတာလေးရောက်နေရင် အိုကေသွားပါပြီ.....





                                                              


 --------------------------------------------------------------------------------------------------------------

                                              GT-I9500 အတွက်

            ခုဖော်ပြပေးတာကတော့ GT-I9500 အတွက်ပါပဲ recovery တင်ပြီး root လုပ်မဲ့နည်းလမ်းလေးပါ။ အခြားဖုန်းတွေကို ပြုလုပ်သလိုပါပဲ recovery လေးသွင်းပြီး cwm ပေါ်ကနေ
root .zip ဖိုင်လေးကို flash လုပ်မဲ့နည်းလမ်းလေးပါ။ အရင်ဆုံး usb debugging နဲ့ unknown source ကို Onပါ့မယ်, ပါဝါပိတ်ပြီး ဓါတ်ခဲ့ဖြုတ်ထားပါ့မယ်၊ ခဏနေရင် ဓါတ်ခဲ့ပြန်တပ်ပြီး ဖုန်းကို download mode ၀င်ပါမယ် ၀င်ရမဲ့ ခလုပ်တွေကတော့  Vol down +home+ power ဖိထားလိုက်ပါ။ boot တတ်လာရင် Vol up တစ်ချက်နှိပ်ပေးလိုက်ပါ။ download mode ကိုရောက်ပါပြီခင်ဗျာ။
 ပြီးရင်တော့ Odin ကို Run လိုက်ပါ။
PDA မှာ  cofface_I9500_cwm_recovery_en_new.tar ဖိုင်လေးကို ရွေးပြီး ထည့်လိုက်ပါ။ ဖုန်းနဲ့ချိတ်ပြီး odin က ဖုန်းကို သိသွားတယ်ဆိုရင်တော့ အ၀ါရောင်လေးလင်းလာမှာပါ မသိရင်တော့ driver ပြန်တင်လိုက်ပါခင်ဗျာ။
 Odin ရဲ့ repartaion ကို အမှတ်မခြစ်ပါနဲ့ခင်ဗျာ။ ပြီးရင်တော့ start သာနှိပ်လိုက်ပါ။ Odin မှာ PASS ပြရင်တော့ CWM သွင်းတာပြီးပါ။
  sd ထဲကို CWM-SuperSU-v0.99 ကိုထည့်ထားပါ။ ပြီးရင်တော့ ဖုန်းကို ၀ါပါပိတ်ပါ။ Recovery Mode ၀င်ပါ့မယ် Vol up+Home+ power ကိုနှိပ်ပြီး ပါ့မယ် တစ်ချက်တုန်ပြီး Samsung logo တတ်လာရင်တော့ power ကိုလွတ်လိုက်ပါခင်ဗျာ။

Recovery mode ကိုရောက်သွားပြီဆို၇င်တော့ CWM-SuperSU-v0.99 ရှာပြီး flash ပေးလိုက်ပါ root လုပ်ခြင်းပြီးဆုံးသွားပါပြီး လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကိုတော့ အောက်မှာပုံလေးနဲ့ပြထားပါတယ်။ လိုအပ်တဲ့ဖိုင်လေးတွေကိုအောက်မှာ ဒေါင်းယူလိုက်ကြပါခင်ဗျာ။

Odin v3         >>Download <<

CWM.tar        >> Download <<

Root.zip         >> Download <<
                                                                            create by __ Jothar

Thursday 9 May 2013

မည်သည့် Android phone အမျိုးအစားမဆို CWM သွင်းထားပြီးဆိုပါက
မိမိတို့၏ Pattern lock, password lock , pin lock တွေ ကျနေလို့ စိတ်မညစ်လိုက်ပါနဲ့
အောက်က ပေးထားတဲ့ Zip ဖိုင်လေးကို ဒေါင်းပြီး SD card ထဲထည့်ပေးလိုက်ပါ
CWM ထဲဝင်လိုက်ပါ ပြီးရင် install from zip ဆိုပြီး ခုန ဒေါင်းထားတဲ့ Zip ဖိုင်ကို
ရွေးပေးလိုက်ရင် ခဏစောင့် install ပြီးပါက boot ပြန်တက်လာရင် 
lock တွေ မရှိတော့ပါ 
မှတ်ချက်- System ကို ထိခိုက်ခြင်းလုံးဝမရှိပါ


Tuesday 7 May 2013

andoir, ဖုန်းအတွက် ဂိမ်းဆော့ဝဲလ်

အမျိုးသမီးဂိမ်းလေးပါ
ဒါလေးကတော့ မမတို့အတွက်ပါ  အဝတ်ဒီဇိုင်းဝါသနာပါသူတွေအတွက်ဆိုရင် ပိုမှန်လိမ့်မယ် ဘာဖြစ်လို့လဲ

ဆိုတော့ကာ အဝတ်လဲတဲ့ဂိမ်းလေးမို့ပါ မမ တို့အကြိုက်ဆိုပါတော့ဗျာ အဲ.....ကိုကိုတွေ, ညီညီတွေလည်း

ဝါသနာပါရင် ဆော့လို့ရပါတယ် ဒီဇိုင်းလည်းတော်တော်စုံပါတယ် အခန်းလေးတွေနဲ့ဆိုတော့ကာ အရမ်း

အရမ်း ဖလန်းဖလန်း လေးဆိုပါတော့ နောက်ထပ်လည်းကြိုးစားပြီးရှာပေးပါဦးမယ်

ဒါလေးကို လိုချင်တယ်ဆိုရင်တော့အောက်ကလင့် မှာသွားပြီးဆွဲပေတော့....................

ဒီမှာယူပါရန်.....

andoir ,ဖုန်းတွေအတွက်ဓာတ်ပုံပြင်တဲ့ဆော့ဝဲလ်

andoir ဖုန်းတွေအတွက်ဖုန်းထဲမှာတင်ဓာတ်ပုံပြင်တဲ့ဆော့ဝဲလ်လေးပါ
ဒါလေးကလည်းဓာတ်ပုံတွေကို ဘောင်လှလှလေးတွေ နဲ့အလှဆင်တဲ့ဆော့ဝဲလ်လေးပါ ဆော့ဝဲလ်တိုင်း

မှာတော့သူ့အားသာချက်နဲ့သူရှိကြပါတယ် အဖတ်လေးတွေလည်းတော်တော်စုံတယ် ဘယ်ဆော့ဝဲလ်က

ဘယ်လိုရှိတယ်ဆိုတာထက်ကိုယ့်သုံးတဲ့အပေါ်မှာမူတည်ပါတယ် photo ဆော့ဝဲလ်တွေအများကြီးရှိတဲ့

အထဲကမှဒီဆော့ဝဲလ်လေးကိုကြိုက်တယ်....ပိုပြီးကြိုက်လို့လည်း နန်းခင်နဲ့ ဖလန်းဖလန်းထကြည့်တာ

(တိန်.....)တကယ်ကိုကောင်းတဲ့ဆော့ဝဲလ်လေးပါ ကဲ....ကိုယ့်ချစ်သူ့ရဲ့ပုံလေးနဲ့စမ်းကြည့်ချင်တော့

ဒီမှာဒေါင်းပါ.............http://www.sendspace.com/file/w23wo2

ကွန်ပျုတာသုံးစွဲသူတိုင်းအတွက် အင်္ဂလိပ်စာ လေ့လာနိုင်သောစာအုပ်
 

Share

Twitter Delicious Facebook Digg Stumbleupon Favorites More