Wednesday 15 May 2013

အမြင့်ဖုန်းတွေထဲမှာ ဘယ်ဟာ အကောင်းဆုံးလဲ


မေးနေကျမေးခွန်းပဲ ထပ်မေးချင်နေမိပါတယ်။ ခုက တန်ဖိုးနည်း ဆင်းကဒ်တွေချပေးပြီလေ။ ဒီတော့ ပိုက်ဆံရှိတဲ့သူများက တန်ဖိုးကြီး ဟန်းဆက် အပိုင်းကို ပိုမို အလေးပေး ကိုင်ကြတော့မယ် ထင်ပါတယ်။ အခုလည်း ကိုင်နေပါတယ်။

လက်ရှိန် ရန်ကုန်မျာ လူကြိုက်အများဆုံး ဖုန်းက - iPhone 5, Samsung Galaxy Note 2, Galaxy S3 ပါ။ လူသုံးများတာ ကို ပြော တာ မဟုတ်ဘူးနော်။ အကြိုက်များတာပါ။ အသုံးများကတော့ GSM မှာဆိုရင် Samsung တစ်သိန်းခွဲအောက်ဖုန်း များ (Galaxy Y, Galaxy Duos , and so on) နဲ့ CDMA မှာဆိုရင် တရုတ် Huawei ဖြစ်ပါတယ်။

တန်ဖိုးမြင့် ဖုန်းများကိုလည်း ကိုင်ကြပါတယ်။ Samsung မှာဆိုရင် Sasung Galaxy S3, Note 2, Galaxy S2, Galaxy Note, Galaxy Mini ,etc........, Sony မှာဆိုရင် Xperia စီးရီး, Apple မှာဆိုရင် iPhone 5, iPhone 4s, iPhone 4, iPhone 3G, etc....., HTC မှာဆိုရင် Butterfly, One စီးရီး အစရှိတဲ့ အမြင့်ဖုန်းများ လူကိုင် များပါတယ်။

ယခုလည်း အမြင့်ဖုန်းတွေကြိုက်တယ် ကိုင်ဖို့လည်း ရည်ရွယ်တယ် ဆိုရင် ယခု ရွေးချယ်စရာများ ဖောပြလိုက်ရပါတယ်။

ဈေးအကြီးဆုံး ကတော့ Samsung Galaxy S4 ဖြစ်လာမယ် ထင်ပါတယ်။ iPhone 5, HTC One, Nokia Lumia 920, Black Berry Z10 တို့ကတော့ ဈေးကွာမယ်မထင်ပါဘူးး။ Samsung Galaxy Note 2 လည်း ၅သိန်းအထက်ဈေးဆိုတော့ အမြင့်ဖုန်းပါပဲ။ Samsung Galaxy S4 မထွက်ခင်က သူ့မှာပါတဲ့ Specification ဟာအမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ လူကြိုက်လည်းများခဲ့ပါတယ်။ ယနေ့အထိလည်း လူကြိုက်များပြီး အရောင်းသွက်နေဆဲပါ။ ယခုတော့ Spec အမြင့်ဆုံးက Samsung Galaxy S4 ဖြစ်သွားပါပြီ။ i Phone 5 ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ iPhone 5 ကလည်း ကမ္ဘာတင် မက မြန်မာပြည်မှာလည်း လူအထင်ကြီးများတဲ့ ဖုန်း ဖြစ်ပါတယ်။ နာမည်နဲ့ တင် ဈေးကြီးတယ်ဆိုတာ iPhone ရဲ့  ဂုဏ်ပုဒ်ပဲ ဖြစ် မယ်ထင်ပါတယ်။

ကဲ။ ဒီတော့ စာဖတ်သူတို့ကပဲ အားနည်းချက်၊အားသာချက်များကို ပညာရှိနည်းနဲ့ သေချာထောက်ပြလို့ အကောင်းဆုံးဖုန်း ကို ရွေးချယ် ပေးနိုင်ယ်လို့ မျော်လင့်ပါတယ်။

0 comments:

Share

Twitter Delicious Facebook Digg Stumbleupon Favorites More