Wednesday 29 May 2013

HTC Wildfire S(A510e) ကို Root လုပ်နည်း

                     HTC Wildfire S ကို Root လုပ်နည်း

ဒီနည်းကို Htc wildfire s A510e (Android Version 2.3.3 နဲ့ 2.3.5) နှစ်မျိုးလုံးနဲ့ စမ်းသပ်ထားပါတယ်......
Htc wildfire s ကို အမြစ်တူးဖို့ အတွက် အရင်နည်းတွေလို S-OFF ဖြစ်ဖို့ မလိုတော့ပါဘူး။
ံBootloader Unlock ဖြစ်ပြီး S-ON ဖြစ်နေလည်း အမြစ်တူးလို့ ရပါပြီ။
Htc wildfire s A510e ကို အမြစ်တူးဖို့ အတွက် မိမိရဲ့ဖုန်းကို Bootloader Unlock လုပ်ရပါမယ်။
Bootloader Unlock လုပ်ဖို့ အတွက် အောက်က လင့်ခ်မှာ သွားရောက်လေ့လာနိုင်ပါတယ်။
အမြစ်တူးဖို့ အတွက် လိုအပ်တာလေးတွေကို ဒေါင်းလုတ်ဆွဲလိုက်ပါဦးခင်ဗျာ.....
root.zip
ကဲ ဆွဲပြီးပြီဆိုရင် စပြီး အမြစ်တူးကြစို့...............
1. ဖုန်းကို Hboot mode ထဲဝင်လိုက်ပါ။
( သင် Hboot mode ထဲဝင်တဲ့နေရာမှာ Pro တစ်ယောက်ဖြစ်နေပြီ .... ဟုတ်တယ်မလား? :D )
2. FASTBOOT ကို Select လုပ်ပြီး Power button ကိုနှိပ်ပါ။
ပြီးလျှင် ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။
FASTBOOT ဆိုတဲ့ စာလုံးလေးက FASTBOOT Usb လို့ ပြောင်းသွားပါလိမ့်မယ်။
တကယ်လို့ အဲ့လို မပြောင်းသွားဘူးဆိုရင် wildfire s အတွက် USB Driver သို့မဟုတ် SDK tool ကကောင်းကောင်းအလုပ်မလုပ်လို့ ဖြစ်ပါလိမ့်မယ်.....
ဒါဆိုရင်တော့ USB Driver ရော SDK tool ကိုပါ install ပြန်လုပ်ပေးပါ။
3. C: အောက်က Android Folder ကိုဖွင့်ပြီး လွတ်တဲ့နေရာတစ်ခုမှာ
Shift Key+Right Click ကိုနှိပ်ပေးပြီး Open command window here ကိုရွေးပါ။
Command prompt မှာ fastboot flash recovery recovery-clockwork-5.0.2.8-marvel.img
ရိုက်ပေးပြီး Enter ခေါက်ပါ။
4. ခုနကဒေါင်းလုတ်ဆွဲထားတဲ့ root.zip ကို မိမိဖုန်းရဲ့ SD Card ထဲကိုထည့်ပေးပါ။
5. Hboot mode ကိုဝင်ပါ။ Recovery ကို Select လုပ်ပြိး Power button ကိုနှိပ်ပါ။
install zip from sd card ကို Select လုပ်ပြိး Power button ကိုနှိပ်ပါ။
choose zip from sd card ကို Select လုပ်ပြိး Power button ကိုနှိပ်ပါ။
root.zip ဖိုင်ကို ရှာပါ။ install လုပ်ပါ။
Main menu ကိုပြန်ထွက်ပြီးဖုန်းကို reboot လုပ်ပါ။
ဖုန်းပြန်တက်လာလို့ သင့်ဖုန်းမှာ Superuser application လေးကိုတွေ့ရပြီဆိုရင်တော့ သင့်ဖုန်း အောင်မြင်စွာ အမြစ်တူးပြီးသွားပါပြီ။
ပိုပြီးသေချာချင်ရင်တော့ Root Explorer ကို ဖုန်းမှာ Install လုပ်ပြီး run ကြည့်ပါ။
Superuser Request တောင်းရင်တော့ သင့်ဖုန်းအောင်မြင်စွာ အမြစ်တူးပြီးပါပြီခင်ဗျာ။
မှတ်ချက်- တစ်ချို့ ဖုန်းတွေမှာ Superuser request တောင်းတဲ့အချိန် Superuser က အလုပ်မလုပ်ပါဘူး.... Force to close ဆိုပြီးတက်လာတတ်ပါတယ်။
အဲ့တာဆိုရင်တော့ အခုပေးထားတဲ့ အောက်က Superuser.apk ကိုဒေါင်းလုတ်ဆွဲပြီး ဖုန်းမှာ ပြန် Install လုပ်ပေးလိုက်ပါ။ Superuser က Force to close ဆိုပြီးပေါ်လာမှာမဟုတ်တော့ပါဘူးခင်ဗျာ.........
superuser.apk
အားလုံးအဆင်ပြေကြပါစေ.........

0 comments:

Share

Twitter Delicious Facebook Digg Stumbleupon Favorites More