Wednesday 29 May 2013

Galaxy S2 Plus I9105 ကို CWM သွင်းမယ် root မယ်

              Galaxy S2 Plus I9105 ကို CWM သွင်းမယ် root မယ်

357969
ညီအစ်ကိုတစ်ယောက် Chatbox ကနေလှမ်းတောင်းလို့ တင်ပီးသားလည်း မရှိသေးတာနဲ့ တင်ပေးလိုက်ပါတယ်နော် SII plus လေး root ဖောက်နည်းနဲ့ cwm သွင်းနည်းကို
ကဲအောက်မှာလိုအပ်တာလေးတွေဒေါင်းလိုက်ပါဦးနော် :D ပီးရင် လုပ်ငန်းစမယ်

1) Cwm file လေးကို ဒီနေရာ မှာဒေါင်းပါ။
2) Odin V3.07 ကို ဒီမှာဒေါင်းပါ။
3) ကဲအားလုံးပီးရင်တော့ လုပ်ငန်းစကြမယ်နော်. download mode ၀င်ဖို့  Volume Down, Home and Power buttons တွေကိုတွဲနှိပ်ပီး ၀င်လိုက်ပါ။
4) ခုနကဒေါင်းထားတဲ့ odin ကို computer မှာ run လိုက်ပါ။
5) ဖုန်းနဲ့ computer နဲ့ကို USB ကြိုးထိုးပီးချိတ်ဆက်လိုက်ပါ. odin ကဖုန်းကိုသိပီးဆိုရင် မီးအ၀ါရောင်လေး လင်းလာပါလိမ့်မယ် အဲ့လိုမလင်းဘူးဆိုရင်တော့ driver တွေ ကြိုးတွေပြန်စစ်ပေးရပါမယ်။
6) odin နဲ့ ချိတ်ဆက်မိပီးဆိုရင်တော့ ခုနကဒေါင်းထားတဲ့ cwm ဖိုင်လေးကို odin ရဲ့ pda အကွက်ခလေးမှာထည့်လိုက်ပါ။
7) ‘Auto Reboot’ and F Reset Time options တွေကိုအမှန်ခြစ်ပေးထားရပါမယ်. ပြီးတော့ ‘Repartition’ option မှာ အမှန်ခြစ်ကလေးရှိမနေရပါဘူး။
8) အပေါ်ကဟာတွေ အားလုံးမှန်ပီးဆိုရင်တော့ start ကိုနှိပ်လိုက်ပါ။
9) ပီးသွားရင်တော့ odin မှာ pass ဆိုတဲ့ စာသားပေါ်လာမှာဖြစ်ပါတယ် . usb ကြိုးချွတ်လို့ရပါပီ။
Odin-Flashing-Samsung-Galaxy-S2-Official-Android-4.0.3-Ice-Cream-Sandwich-Firmware-Upgrade-I9100XWLP7-step-2
ကဲအခုဆိုရင် cwm သွင်းခြင်း ပီးဆုံးသွားပါပီ။ :D
Samsung Galaxy S2 Plus I9105 root

1) Supersu zip ကိုဒီမှာဒေါင်းပါ။
2) supersu zip ကို zip မဖြည်ပဲ sd card ထဲထည့်ပါ။
3) ဖုန်းကိုပါဝါပိတ်ပါ။
4) recovery mode ၀င်ဖို့အတွက် Volume Up, Home and Power ကိုနှိပ်ပီး cwm ၀င်ပေးပါ။
5) CWM Recovery mode ရောက်ပီးဆိုရင် ‘install zip from sdcard’ >> ‘choose zip from sdcard.’ >>”Superuser zip”ကိုရွေးပေးလိုက်ပါ sd card ထဲက. yes or no မေးလာရင် yes ပေးလိုက်ပါ။
6) installation ပီးသွားရင်  “+++++Go Back+++++” နဲ့ပြန်ထွက်ပီး ဖုန်းကို reboot ချဖို့ ‘reboot system now’ ကိုရွေးပေးပါ။
ကဲဖုန်းလေးပြန်တက်လာရင်တော့ အားလုံးမြင်တွေ့ချင်တဲ့ supersu  လေးကို superman ပုံနဲ့ အခန့်သားတွေ့ရမယ်နော် :D

0 comments:

Share

Twitter Delicious Facebook Digg Stumbleupon Favorites More